မြစ်ကြီးနားရဲစခန်းတွင် ပုခုံးထမ်းနဲ့ ကျုံး ၊ ဘုတလင် ရဲစခန်းကိုလည်း PDF ဝင်ကျုံး

မြစ်ကြီးနားရဲစခန်းတွင် လောင် ချာဖြင့် အထုခံရပြီး တိုက်ပွဲဖြစ်၊ ဘုတလင် ရဲစခန်းကိုလည်း PDF ဝင်ပစ်

ဧပြီ ၅ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အမှတ် ၂ ရဲစခန်းကို ယမန်နေ့ည ပိုင်းတွင် လောင် ချာဖြင့်

အထုခံရပြီး အပြန်အ လှန်ပ စ်ခတ်မှုဖြစ်ပြီး တိုက်ပွဲဖြစ်ပွားကြောင်း မြစ်ကြီးနားမြို့အခြေစိုက် ဒေသတော်လှန်ရေးအဖွဲ့ထံမှ သိရှိရသည်

ဧပြီ လ ၄ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် မြစ်ကြီးနားမြို့နယ် အမှတ် ၂ ရဲစခန်းကို ပစ်ခတ်မှု

ဖြစ်ပွားခြင်း ဖြစ်ပြီး ရဲစခန်းက အရေးပေါ် ဥဩသံများဖြင့် စစ်ကူတောင်းရကြောင်း သိရှိရသည်

မနေ့ ည၈ နာရီ ၂၀ မိနစ်မှာ ာအမှတ် ၂ ရဲစခန်း boneပစ်လောင်ချာဖြင့်ပစ်ခတ် ခံရတယ် ပြီးတော့ စခန်းထဲက အပြန်အလှန် ပစ်ခတ်တယ် တိုက်ပွဲဖြစ်နေတုန်း စခန်းထဲကနေ အရေးပေါ်

မီးသတ်ကားသလို အသံ၊ ဥဩသံထုတ်ပြီး အကူညီတောင်းတယ် ရဲတွေလည်း အော်ဟစ် သံတွေကြားရတယ်

အရင် တလောက အပစ်ခံရတဲ့ အမှတ် ၂ ရဲစခန်းကို ထပ်ပြီး ပစ်ခတ်တာ ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ရဲစခန်းကိုလည်း PDF များက ယမန်နေ့ ညပိုင်းတွင် ဝင်ရောက်

ပစ်ခတ်ကြောင်း သတင်းများရရှိထားပြီး အသေးစိတ်ကို ခေတ်သစ်က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်

Khit Thit

Leave a Reply

Your email address will not be published. Required fields are marked *