ပဲခူးခရိုင် ကဝမြို့နယ် ယနေ့မနက် ၁၀နာရီ ၃၅မိနစ်ခန့်တွင် သက္ကလမြို့အထက်တန်းကျောင်း စာဖြေဌာနရှေ့မှာလုံခြုံရေးယူထားသည့် စခ/ရခများမှ တစ်ကောင်က လက်ကမြင်းရာမှသေနတ်ကျည်ထွက်ပြီး အမျိုးသမီးတစ်ဦးကိုထိမှန်သွား
ကြောင်း သတင်းရရှိပါသည်။ကျည်ထိမှန်သူ အမျိုးသမီးသည် ဆယ်တန်းစာမေးပွဲဖြေနေသည့်ကျောင်းသားကို လာစောင့်နေသည့်ကျောင်းသားမိဘတစ်ဦးဖြစ်ပြီး သက္ကလဆေးရုံသို့
ပို့ဆောင်လိုက်ကြောင်း သိရပါသည်။အသေးစိတ် သိရလျှင် ပြည်သူများကို ထပ်မံအသိပေးတင်ပြသွားပါမည်။(11:30)am#KawaInformation