ရှမ်းပြည်နယ်အတွင်းရေအားလျှပ်စစ်စီမံကိန်းများဆောင်ရွက်ပြီးစီးပါက လျှပ်စစ်မီးဖူလုံစွာသုံးစွဲနိုင်မည်ဟု နစက ဥက္ကဋ္ဌပြော

ရှမ်းပြည်နယ်အတွင်းရေအားလျှပ်စစ်စီမံကိန်းများဆောင်ရွက်ပြီးစီးပါက လျှပ်စစ်မီးဖူလုံစွာသုံးစွဲနိုင်မည်ဟု နစက ဥက္ကဋ္ဌပြော

ဒေသတွင်းရှိသယံဇာတများအား အကျိုးရှိစွာအ သုံးချရန်နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌက ရှမ်းပြည်(မြောက်ပိုင်း)၊အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာဝန် ထမ်းများနှင့်မြို့မိမြို့ဖများအား လားရှိုးမြို့၌ ဧပြီ ၉ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အနေဖြင့် လျှပ်စစ်ဓာတ်အားထုတ် ယူသုံးစွဲနိုင်မည့် အရင်းအမြစ်များစွာရှိပြီး ဒေသတွင်းထုတ်ကုန်များမြင့်မားရေး၊စက်မှုလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်မှာ လျှပ်စစ်စွမ်းအားဖြစ်၍ ဒေသတွင်းလျှပ် စစ်ဖူလုံရေး၊သဘာဝအရင်းအမြစ်များမှ လျှပ်စစ်စွမ်းအားထုတ်ယူနိုင်ရေးတို့အတွက် စဉ်းစား လုပ်ဆောင်ရမည်ဟုပြောသည်။

“လက်ရှိ ရှမ်းပြည်နယ်အတွင်းမှာ ရေအားလျှပ်စစ်စီမံကိန်းတွေကို လုပ်ဆောင်နေပါတယ် အဲဒီစီမံ ကိန်းတွေပြီးသွားရင် လျှပ်စစ်မီးကိုဖူလုံအောင်သုံးစွဲနိုင်တော့မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်လာပါက ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများမရှိမဖြစ်လိုအပ်လာမည်ဖြစ်ကာ ရှမ်းပြည်(မြောက်ပိုင်း) တွင် သံရိုင်း၊ကျောက်မီးသွေးနှင့်ထုံးကျောက်သယံဇာတများစွာရှိ၍ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သံမဏိလုပ်ငန်း၊ဘိလပ်မြေလုပ်ငန်းများ လုပ်ဆောင်ရန် စိတ်ဝင်စားမှုရှိပါက လုပ်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်စေလိုသည်ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။

“မြေသယံဇာတများစွာရှိပြီးဖြစ်တဲ့အတွက် စိုက် ပျိုးမွေးမြူရေးလုပ်ငန်းတွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်မယ့်အခြေအနေရှိပြီဖြစ်တာကြောင့် သယံဇာတတွေကို အကျိုးရှိရှိအသုံးချနိုင်ရေးအတွက်တိုက်တွန်းပြောကြားလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား အောင်မြင်စွာလုပ်ဆောင်နိုင်ရန်မှာ အတန်းပညာနှင့်အတတ်ပညာတို့အား အခြေခံ၍ဆောင်ရွက်မှသာ တိုးတက်မှုရှိနိုင်မည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *